ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အလုံမြို့နယ်အတွင်း ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

အလုံ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က အလုံလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဆက်သွယ်ရေးတိုင်များတွင် ချိတ်ဆွဲသွယ်တန်းထားသည့် ဆက်သွယ်ရေးကြိုးနှင့် Wifi ကြိုးများအား ရှင်းလင်းဆောင်ရွက်‌နေမှု အခြေအနေများကို လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါနေရာသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေလုံသား