ရန်ကင်းမြို့နယ်၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေး

ရန်ကင်း ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အခွန်ထမ်းပြည်သူများအတွက် ဝင်ငွေကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပြေစာအမှတ်တံဆိပ်အကြောင်း သိကောင်းစရာနှင့် ပတ်သက်၍ အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ရန်ကင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဟန်သီစုလှိုင်က အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာရမည့် အချက်များကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်အခွန်ထမ်းပြည်သူ ၁၀ ၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)