ဒိုက်ဦးမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ဒိုက်ဦး ​ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် (၅) သံတံတားရပ်ကွက်၊ အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင့်က အဖွင့်အမှာစကားပြောကြားပြီး ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အာဇာနည်နေ့အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးအတွက် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်နှင့် ရုံးချုပ်မှပေးပို့သော သုတ၊ ရသ စာအုပ်စာစောင်များအား စုံလင်စွာပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

စိုးထက်ကျော် (ပြန်/ဆက်)