ကျိန္တလီမြို့၌ Pilot Project စီမံချက်ဖြင့် မြေပြင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေး

ကျိန္တလီ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် Pilot Project စီမံချက်ဖြင့် မြေပြင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ကျိန္တလီမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဂွမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးဇာနည်ငြိမ်းချမ်းနှင့် အဖွဲ့ဝင်များ၊ ကျိန္တလီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်တွင် ပြည်ထောင်စုလမ်း၊ အမှတ်(၂)ရပ်ကွက်တွင်သိပ္ပံလမ်း၊ အမှတ်(၃)ရပ်ကွက် တွင် ဗိုလ်ချုပ်လမ်း၊ ရောင်နီဦးလမ်းတို့တွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေနှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျိန္တလီမြို့၌ မြို့ပေါ်(၃)ရပ်ကွက်အတွင်းတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေစာရင်းရှိ လူဦးရေနှင့် မြေပြင်တွင်အမှန်တကယ် နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိန္တလီ  (ပြန်/ဆက်)