မိုင်းယန်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနေပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန်နေ့ည ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ အမှတ် (၂၇၉) ခြေလျင်တပ်ရင်းမှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများတို့မှ မိုင်းယန်းမြို့နယ်အတွင်း အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ စိတ်အေးချမ်းသားစွာ နေထိုင်နိုင်စေရေးနှင့် မြို့နယ်အတွင်း ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ဆက်လက်၍ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး