ပေါက်ခေါင်း နိုဝင်ဘာ ၁၀
ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင်ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းဆရာမ မလေးချို(ပေါင်းတည်)က သင်တန်းသား၊ သင်တန်းသူများအား ကဗျာ၏သဘော၊ ကဗျာဆိုသည့်အဓိပ္ပါယ်နှင့် ဗျည်း၊ သရ၊ အသတ်၊ အသံ၊ ကာရန်စသည့်ကဗျာစပ်ရာတွင် အသုံးပြုရမည့် အက္ခရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းဆရာမမလေးချို(ပေါင်းတည်)က ကဗျာဆရာ/ဆရာမကြီး၏အမည်နာမများနှင့် ဓာတ်ပုံများ၊ ၎င်းတို့ရေးသားခဲ့သည့် နာမည်ကြီး ကဗျာများကို သင်တန်းသား၊ သင်တန်းသူများအား ရွတ်ဆိုဖတ်ကြားပြခဲ့သည်။ သင်တန်းဆရာမကြီးမှ သင်တန်းသားများအား အခြေခံကဗျာရေးဖွဲ့နည်းများဖြစ်သော သံပေါက်စပ်နည်း၊ လေးလုံးစပ်(ခေတ်ပေါ်) ကဗျာရေးဖွဲ့နည်းများကို စနစ်တကျသင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ အထက(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ (၂) ရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)