ထန်းတပင်(ပဲခူး) နို၀င်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့၀င် မဖြိုးဖြိုးအေးနှင့် အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဉ်များမှ နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ၊ လူငယ်နှင့်သည်းခံမှု၊ စာတက်ဖို့စာဖတ်ဖို့၊ မိဘကိုယ်စားစသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များ အချင်းချင်းအမြင်ခြင်း ဖလှယ်ကာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)