ရွှေကျင် နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ စိုက်ပျိုးရာသီတွင် အချိန်မှီစိုက်ပျိုးနိုင်စေရန်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း ချေးငွေများကိုလည်း အချိန်မီ ပြန်ဆက်ပေးစေလိုကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ရီရီဝင်းက ပြောကြားခဲ့သည်။ ယနေ့တွင် ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၁၀၄)ဦး၊ စိုက်ဧက(၅၁၈)ဧက အတွက် တစ်ဧကလျှင်(၁)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းဧက (၅၁၈) ဧကအတွက် ငွေကျပ်(၅၁၈)သိန်းအား ထုတ်ချေးပေးခဲ့သည်။ ဆက်လက်ပြီး ကျန်ရှိနေသေးသော ကျေးရွာများအား နေ့ရက်အလိုက် ဆောင်းသီးနှံ ချေးငွေများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ရီရီဝင်းထံမှ သိရသည်။
ထွန်းထွန်းဇော် (ပြန်/ ဆက်)