အမာ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကံကြီးဘအေးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာမှ Rs to Cs စီးပွားဖြစ်မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်စိုက်ခင်း ပေါ်ဆန်းရင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို တောင်သူ ဦးထွန်းနိုင်ဝင်း၏ လယ်မြေ၊ ကွင်းအမှတ်(၉၁၁) ဘအေးကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၀/၂ ၊ စိုက်ဧက ၈ ဧကတွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဝေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မိုးစပါးတစ်ဧကလျှင် အခြောက်တင်းထွက်နှုန်း(၆၈)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အမာမြို့အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး စိုက်ဧရိယာ (၇၆၂၆၁)ဧက စိုက်ပျိုးထားပြီး ဆောင်းသီးနှံအဖြစ် ဟင်းသီးဟင်းရွက်(၁၂၀)ဧက၊ ငြုပ်ခြောက်(၂၀)ဧက၊ ပဲတီစိမ်း (၂၀)ဧက၊ မြေပဲ (၅)ဧက၊ နှမ်း (၁၁)ဧက၊ နေကြာ (၈၃)ဧက စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးတင်မောင်ဝေထံမှ သိရှိရသည်။
အမာ(ပြန်/ဆက်)