သတင်းများ

ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Nov 14,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကမာနတ်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်အတွင်း ဆီထွက်သီးနှံ (ဆောင်း)နေကြာ စိုက်ပျိုးထားရှိမှုအောင်မြင်ဖြစ်ထွန်း
Nov 14,2022
မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်‌ ရေတွင်းကောင်းအုပ်စု၊ ရေတွင်းကောင်းကျေးရွာ၊ တောင်သူဦးအေးမောင် စိုက်ပျိုးထားသော ဆီထွက်သီးနှံ (ဆောင်း)နေကြာစံပြကွက်(၆)ဧက စိုက်ခင်းမှာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကွန်းမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွ‌ယ်ရေး အသိပညာပေး Talk Show အစီအစဥ်အား ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကဆောင်ရွက်သည်။
မဘိမ်းမြို့၌ (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ တွင်ကျရောက်မည့် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 14,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ အခြေခံပညာအထက်တန်း၊  အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပေါင်မြို့နယ် အ.ထ.က-ပေါင် (ရွှေရတုခန်းမ)၌ ကျင်းပသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းဖျက်ဆီး
Nov 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထီဒေးကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ အနီးတဝိုက်ရှိ အမြင့်(၁)ပေခွဲခန့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၆)ဧက၊ နားခိုက်ကျေးရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့် အကွာ အနီးတဝိုက်ရှိ အမြင့်(၁)ပေခွဲခန့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၈)ဧကနှင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ဘန်းနောင်ကားကျေးရွာ၏ အနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာ အနီးတဝိုက်ရှိ အမြင့်(၁)ပေခွဲ ခန့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၁၄)ဧကတို့အား ယမန်နေ့နံနက် ၉ နာရီ ၂၀ မိနစ်က သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ အဖွဲ့(၂)ဖွဲ့ခွဲ၍ စုပေါင်းဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ
Nov 14,2022
မြို့နယ်အတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ် မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ်၌ ပင်ပြန့်မြေပဲနှုတ်သိမ်းချိန် မြေပဲခြွေစက်များအသုံးပြုမှုများလာ
Nov 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ပင်ပြန့်မြေပဲခေါ်ခြောက်လမြေပဲနှုတ် သိမ်းချိန်မြေပဲခြွေစက်များအသုံးပြုမှုများလာခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ လုပ်ငန်းလုပ်ကိုင်ရာတွင် အမြန်ပြီးစီးမှုများလာပြီး ကုန်ကျစရိတ်လည်း သက်သာလာကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးမောင်မောင်ဝင်း ထံကသိရသည်။