သတင်းများ

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Nov 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ  ကျင်းပ
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထား သတိရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အကြို အခြေခံမူလတန်းအဆင့်  စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဘီးလင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Nov 14,2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးTalk  Show ကျင်းပ
Nov 14,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေး Talk  Show ကိုယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ သဘာဝမိခင်အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်
Nov 14,2022
 ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝမိခင်အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။
ကလိန်အောင်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်
Nov 14,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန် ရည်ရွယ်၍ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ မျိုးစေ့ချပွဲ ကျင်းပ
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ စီမံကိန်းဆီထွက်သီးနှံ ဖြစ်သည့် ဆောင်းနေကြာ သီးနှံမျိုးစေ့ချပွဲကို ယနေ့နံနက် (၈)နာရီ၌ သာယာဝဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၄) သာယာဝဲကွင်း၊ ဦးပိုင်အမှတ်(၂၃/၂)၊ ဧရိယာ(၆.၈၈)ဧကရှိ ဦးသောင်းလုပ်ပိုင်ခွင့်ရ လယ်မြေအတွင်းမှ ဧရိယာ(၀.၉၉)ဧကတွင် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ချပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 14,2022
ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်၊ ဖတ်မှတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့  နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။