မဘိမ်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ တွင်ကျရောက်မည့် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ကိုလိုနီခေတ်တွင် ကျွန်ပညာရေးစနစ်မှသည် သခင်ပညာရေးစနစ် ဖြစ်ပေါ်လာစေရန် မျိုးချစ်ကျောင်းသားခေါင်း ဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများရင်းနှီးခဲ့ရသည့် အကြောင်းရင်းများ၊ အမျိုးသားကျောင်း များ နိုင်ငံတစ်ဝှမ်းပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများ၊ ဝိုင်အမ်ဘီအေအသင်းကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သူများအကြောင်း၊ အမျိုးသားကျောင်းများတွင် ပညာလေ့လာဆည်းပူးခဲ့သည့် မျိုးချစ်ခေါင်းဆောင်ကြီးများအကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာ စောင်ပြပွဲကို ဆက်လက်ကျင်းပရာ ပြပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ က ပြပွဲတွင် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)