ပေါင် နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပေါင်မြို့နယ် အ.ထ.က-ပေါင် (ရွှေရတုခန်းမ)၌ ကျင်းပသည်။
အခမ်းအနားတွင် ပေါင်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စမ်းစမ်းအေးက အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများ စတင်ပျိုးထောင်ကတည်းက အခြေခံကောင်းကောင်း ရရှိဖို့အတွက် မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးသည့် သင်ကြားပေးသော ဆရာ/ဆရာမတွေက စွမ်းရည်ပြည့်ဝဖို့ လိုသလို ကျောင်းသား/သူများကိုစီမံခန့်ခွဲမှု၊ ခေါင်းဆောင်ပေးနိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်းကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ထိုအလုပ်ရုံဆွေးနွေးပွဲကို နည်းပြမြို့နယ်ပညာရေးမှူး တစ်ဦးဖြင့် စာတွေ့၊ လက်တွေ့၊ Power Point ဖြင့် သင်ကြားပြသသွားမည့်ဖြစ်ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊လယ်၊မူ) ၁၆၁ ဦး၊ ဘကကျောင်း(၁)ဦး၊ ကိုယ်ပိုင်ကျောင်း(၁)ဦး၊ ကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၆၃)ဦး တက်ရောက်ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက် အထိ နံနက် ၉ နာရီမှညနေ ၄ နာရီအထိ သင်တန်း ကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မြို့နယ်၊ပြန်/ဆက်)