တာမွေမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Nov 13,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေကြသော ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ စသည့်ယာဉ်လုပ်သားကြီးများအနေဖြင့် ယာဉ်မတော်မဆမှုဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းဆုံနေရာ (တာမွေလမ်းဆုံ ဘတ်စ်ကားမှတ်တိုင်အနီး)၌ မြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။