သတင်းများ

အခြေခံပညာအထက်တန်းဆင့်သင် သိပ္ပံဘာသာရပ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 14,2022
၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) အခြေခံပညာအထက်တန်းဆင့်သင် သိပ္ပံဘာသာရပ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပဆောင်ရွက်
Nov 14,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်ချောလမ်းနှင့် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်‌ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ကျောက်ချောလမ်းနှင့် ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ဓာတ်ပုံရိုက်ကူးခြင်းနှင့် Video Editing သင်တန်းဖွင့်လှစ်
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ဝန်ထမ်းများ အရည်အသွေး မြင့်မားလာစေရန်၊ ခေတ်နှင့်အညီ ဓာတ်ပုံရိုက်ကူးခြင်းများ၊ Video Editing ပြုလုပ်နည်းများကို နားလည်သိရှိစေရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးခြင်းနှင့် Video Editing သင်တန်းကို နိုဝင်ဘာလ(၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ
Nov 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာစေရန်၊ အမျိုးသားအောင်ပွဲနေ့ကို မမေ့ဘဲ အမြဲသတိရအောက်မေ့ နေစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူထက်အဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသားအောင်ပွဲနေ့(အကြို) အသိပညာပေး နံရံကပ်/ဓါတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေ ရန်ရည်ရွယ်၍ နိုဝင်ဘာလ(၁၇)ရက်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ ကျေးလက်ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Nov 14,2022
ရှမ်းပြည်နယ် (အရှေပိုင်း)၊ ”ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြိုနယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးဝေရေး စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်( ၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။