သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ သဘာဝမိခင်အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်

သံတွဲ  နိုဝင်ဘာ  ၁၄

 ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝမိခင်အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သံတွဲမြို့နယ် သဘာဝမိခင်များအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညိုယဉ်က  သဘာဝမိခင်များအဖွဲ့ ဖွဲစည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍စာဖတ်ဝိုင်းကိုကျင်းပရာ အတွင်းရေးမှူး ဒေါ်သင်းသင်းမာက စာရေး ဆရာ ညီညီနိုင်(မြန်မာပြန်သည့်) “အောင်ပွဲဝင်ခြေလှမ်းများ” စာအုပ်မှ" အတန်းစား ခွဲခြားမှုကိုမုန်းရတဲ့ အကြောင်းရင်းနှင့်မမုန်းသင့်တဲ့အကြောင်း” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အဖွဲ့ဝင် ဒေါ်ဝင်းပပထွန်းက“ကစားပွဲမှဦးနှောက်များ” ဒေါ်ဝင်းဝင်းရီက “ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ပေးပါ”နှင့် ဒေါ်ဝင်းလဲ့ရည်က “အောင်မြင်သူတွေကို ဘာနဲ့လုပ်သလဲ”ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဖတ်ကြားဆွေးနွေးမှုများအပေါ် လက် ထောက် ညွှန်ကြားရေးမှူးက ခေါင်းစဉ်တစ်ခု ချင်းအလိုက် အသေးစိတ်ဖြည့်စွက် ပြန်လည်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့်ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ TalkShow များ၊စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများကိုလစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)