ကျိုက်လတ်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ မျိုးစေ့ချပွဲ ကျင်းပ

ကျိုက်လတ် နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ စီမံကိန်းဆီထွက်သီးနှံ ဖြစ်သည့် ဆောင်းနေကြာ သီးနှံမျိုးစေ့ချပွဲကို ယနေ့နံနက် (၈)နာရီ၌ သာယာဝဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၄) သာယာဝဲကွင်း၊ ဦးပိုင်အမှတ်(၂၃/၂)၊ ဧရိယာ(၆.၈၈)ဧကရှိ ဦးသောင်းလုပ်ပိုင်ခွင့်ရ လယ်မြေအတွင်းမှ ဧရိယာ(၀.၉၉)ဧကတွင် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ချပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။ ဆောင်းသီးနှံ နေကြာကို ဒေသအတွင်း ဆီဖူလုံမှုရှိစေရန်နှင့် အစားအစာ ဘေးကင်းလုံခြုံစိတ်ချပြီး ကျန်းမာရေး အတွက် အထောက်အကူပြုသည့် စားသုံးဆီ ရရှိစေရန်အတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရီရီမြင့်