ပန်းခင်းစီမံချက်(၂)ဖြင့် သာသနာဝင် စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ အုန်းတောပရိယတ္တိစာသင်တိုက်၊ ပိတုန်းဓမ္မဗိမာန်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် သာသနာဝင်စိစစ်ရေးကတ်ပြားများကို ယနေ့နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။