ဘီးလင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

ဘီးလင်း နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကလေးစာပေစာအုပ်များကို လေ့လာဖတ်ရှု​စေပြီး ကွမ်းစားသုံးမှုအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာ‌စောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား လေ့လာကြည့်ရှခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မိမိစိတ်ကြိုက် ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဇာနည်ဘီးလင်း( ပြန်/ဆက်)