မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ဓာတ်ပုံရိုက်ကူးခြင်းနှင့် Video Editing သင်တန်းဖွင့်လှစ်

မြောင်းမြ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ဝန်ထမ်းများ အရည်အသွေး မြင့်မားလာစေရန်၊ ခေတ်နှင့်အညီ ဓာတ်ပုံရိုက်ကူးခြင်းများ၊ Video Editing ပြုလုပ်နည်းများကို နားလည်သိရှိစေရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးခြင်းနှင့် Video Editing သင်တန်းကို နိုဝင်ဘာလ(၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဦးအောင်မင်း(ဓာတ်ပုံကျွမ်းကျင်−၂)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ငြိမ်း)နှင့် ဦးလွှမ်းသီဟ(ဒုတိယဦးစီးမှူး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ရုံးတို့က ကင်မရာအမျိုးအစားများအကြောင်း၊ ဓာတ်ပုံကောင်းတစ်ပုံရရှိရန် သိရှိရမည့်အချက်များ၊ ဓာတ်ပုံဆရာတစ်ယောက် လိုက်နာရမည့် အချက်များ၊ ကင်မရာအယူအဆများ၊ ကင်မရာ ရိုက်ကူးနည်းများ၊ Video Editing ပြုလုပ်ရာတွင် အသုံးပြုသည့် Application များအကြောင်း၊ သတင်းဗီဒီယိုများ ပြုလုပ်ခြင်းအတွက် ရိုက်ကူးနည်းများ၊ သတိပြုရမည်အချက်များ၊ အသံအနေအထား မှန်ကန်စွာ ပြောနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးခဲ့သည်။ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ရုံးနှင့် မြို့နယ်ရုံးမှ ဝန်ထမ်း(၁၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂)ရက်ကြာမြင့်ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)