ရန်ကုန် နိုဝင်ဘာ ၁၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ ကျောင်းသူများ အစဉ်မမေ့မလျော့ဘဲ မျိုးချစ် စိတ်ဓာတ်အစဉ်နိုးကြားသင့်ကြောင်း စသည်တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)