ဒေါ့ဖုန်းယန် နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေ ရန်ရည်ရွယ်၍ နိုဝင်ဘာလ(၁၇)ရက်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးခြင်းဆိုင်ရာအသိ ပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာပေများနှင့် အပျော်ဖတ်ကလေးရုပ်ပြစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ အမှတ်(၂)ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှ Sunday School ကျောင်းသား/ကျောင်းသူ(၂၅)ဦးက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)