ဒိုက်ဦးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒိုက်ဦး ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော “ကလေးအလုပ်သမားပပျောက်ရေး” လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်(၅) သံတံတားရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများကို ပေးဝေခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးများကို အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်း၊ ကလေးလုပ်သားဖြစ်ရခြင်း အကြောင်းအရင်း၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကာတွန်း၊ဆောင်ပုဒ်စသည့်အချက်များ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)