ညောင်တုန်း ဇူလိုင် ၁၇
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ညောင်တုန်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရည်ရွယ်ချက်များနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဆောင်ရွက်မှု မှတ်တမ်းများစသည် အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)