သတင်းများ

ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 16,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျွဲကူးကျေးရွာနှင့် ကြို့ကုန်းကျေးရွာသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Sep 16,2025
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်အမှာစကားပြောကြားသည်။
အုတ်တွင်းမြို့နယ် ညောင်ခြေထောက်နယ်မြေရဲစခန်းတောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ တံတားအမှတ် ၂/၁၃၅ သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စား၍ ပြိုကျပျက်စီး
Sep 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နယ်မြေရဲစခန်း၏တောင်ဘက် ညောင်လွင့်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ တံတားအမှတ်၂/၁၃၅သည် ယမန်နေ့ညနေ ၃နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့​​​​​ကြောင်း သိရပါသည်။
ဒိုက်ဦးမြို့ Special Complete Education (SCE) ကိုယ်ပိုင်အထက်တန်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ စက်ကွင်းရပ်ကွက်၊ မြို့ဝင်လမ်း Special Complete Education (SCE) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် SCE ကိုယ်ပိုင်အထက်တန်း‌ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
ပါတီစုံဒီမိုက​ရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး​ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်များ ချပြရှင်းလင်းခြင်းနှင့် တတိယအ​​ကြိမ်မဲပေးမှု သရုပ်ပြအခမ်းအနား
Sep 16,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ​ပါတီစုံဒီမိုက​ရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ​ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်များ ချပြရှင်းလင်းခြင်းနှင့် တတိယအ​​ကြိမ်မဲပေးမှု သရုပ်ပြအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ဟူးကောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူ
Sep 16,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ စာသားပါမြေစိုက်ပိုစတာကို စက်တင်ဘာ ၁၆ ရက်နေ့နံနက်က မြန်မာ့စီးပွားရေးဘဏ် လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
ကရသူရိမြို့၌ (KG) ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် အာဟာရကျွေးမွေး
Sep 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်သား၊ ကျောင်းသူများအား ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက ကျွေးမွေးခဲ့ကြသည်။
မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Sep 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းတွင်းအင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ပုလဲဆောင်ခန်းမနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။