ငါန်းဇွန် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အထက ကျောင်းတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငါန်းဇွန် မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက်ဆယ်နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်စိစစ် ပြုလုပ်ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ဇူလိုင် ၁၅ ရက်မှစ၍ ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အထကကျောင်းမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ပြုလုပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်စိစစ်ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်းသိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ အထကကျောင်းမှ အသက်ဆယ်နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်စိစစ်ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဦးစီးဌာနအနေဖြင့် အထကကျောင်းမှ ကျောင်းသား/ကျောင်းသူများအား တစ်ရက်လျှင် ၁၀၀ နှုန်းဖြင့် ပျမ်းမျှပြီးစီးအောင် ပြုလုပ်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပြုလုပ်ပေးရမည့် ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၆၀၀ ခန့်ရှိကြောင်း ၎င်းဌာန တာဝန်ရှိသူထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)