ဟင်္သာတ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်ပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ ချိုကြည်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သမိုင်းဌာနမှတွဲဖက်ပါမောက္ခ ဒေါက်တာတင်ပပဝင်းက “အာဇာနည်ခေါင်းဆောင်ကြီးများနှင့် (၁၉)ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ်တွင်ကျင်းပခဲ့သော (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယပါမောက္ခချုပ်များဖြစ်ကြသော ဒေါက်တာချိုကြည်သန်း၊ ဒေါက်တာမိုးမင်းသန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)