လွိုင်ကော် ဇူလိုင် ၁၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်သစ်တောဦးစီးဌာနက မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်နှင်းနှင်းရီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပျိုးပင်များအား ဌာနဆိုင်ရာများသို့ဖြန့်ဝေပြီး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌတို့မှ ပျိုးပင်များကိုဆက်လက်ဖြန့်ဝေပေးကာ စုပေါင်းသစ်ပင်စိုက်ပျိုး ခဲ့ကြသည်။ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းနီ၊ စိန်ပန်းပြာ၊ သပြေဘူတ၊ ပိတောက်၊ ခရေ စသည့် သစ်မျိုး(၁၁)မျိုးကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(လွိုင်ကော်)