အလုံ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်ဇင်မျိုးထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲကိုကို၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာထွန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့်တွဲဘက်ဌာနများမှ တာဝန်ခံများနှင့်တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် အသစ်ပြုပြင်ရန်လိုအပ်ချက်များနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်များ အသီးသီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)