သံဖြူဇရပ်မြို့နယ် အ.မ.က(ထားဝယ်လမ်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

သံဖြူဇရပ် ဇူလိုင် ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက အ.မ.က(ထားဝယ်လမ်း)ကျောင်း၌ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​အေးအေးသီက စာပေဖတ်ရှူခြင်း၏  အကျိုးကျေးဇူးနှင့်      အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ကို အသိပညာပေး ဟောပြောသည်။

ထို့နောက်  ကျောင်းသားကျောင်းသူများအား သဘာဝဘေးဆိုင်ရာ သိကောင်းစရာများ၊  ကလေးအလုပ်သမားပပျောက်ရေး၊   အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဆိုင်ရာသိကောင်းစရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များကို   ခင်းကျင်းပြသခဲ့ရာ    ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)