ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ အ.ထ.က (ကျုံး) RCC (၁) ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Mar 02,2023
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ(၂၈)ရက် ညနေ(၃)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အ.ထ.က(ကျုံး) ကျောင်းတွင် ပွင့်ဖြိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် လျက်ရှိသော စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း RCC (၁)ထပ် ကျောင်းဆောင်သစ် တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပင်းတယမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက် ရှိသော ကျုံးကျေးရွာအုပ်စု ရွှေတက်လမ်းအစုအဖွဲ့၏ အာလူးအအေးခန်း(၂၅၀) တန်ကျ စက်ရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဒေသတွင် စိုက်ပျိုးသည့် အာလူးများကို ကြည့်ရှုကြသည်။