ချမ်းမြသာစည် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၉ လမ်းကြားရှိ မြန်မာ့သတင်းအချက် အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT- Myanmar Institute of Information Technology အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁၄၄၀ နာရီက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းအေးက တက္ကသိုလ်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ဆရာ/မများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာသင်ကြား နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းအေးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်းဝင်း (မြို့နယ် ပြန်/ဆက်)