သတင်းများ

ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုများ (အခမဲ့)ပြုပြင်ပေး
Mar 01,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ခြေအင်္ဂါချို့ယွင်းပြီး ခြေတုတပ်ဆင်ထားသူများ၏ ပျက်စီးနေသော ခြေတုများ ပြုပြင်ပေးခြင်းနှင့် အသစ်များ ပြန်လည်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပြုပြင်တပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ(စာစစ်ဌာန)၌ Grade (9)နှင့် Grade (5) အစိုးရစစ်စာမေးပွဲများ ဖြေဆိုပြီးဖြစ်
Mar 01,2023
မန္တေလးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade (9) နှင့် Grade (5) နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှစ၍ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ရာ ယနေ့နံနက် ၉:၀၀နာရီက အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(စာစစ်ဌာန)များ၌ နောက်ဆုံးဘာသာရပ်ဖြစ်သည့် သိပ္ပံဘာသာရပ်ကို  ကျောင်းသား/သူများ ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့၊ လောကရန်နှိမ်စေတီတော်၌ (စတုတ္ထအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Mar 01,2023
ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ လောကရန်နှိမ် စေတီတော်တွင်(ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) နေပြည် တော်ကောင်စီမှကြီးမှူး၍ ကျင်းပပူဇော်သော ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်၊ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ (Grade-5) နှင့် (Grade-9) အတန်းများ နောက်ဆုံးစာမေးပွဲဖြေဆိုပြီးစီး
Mar 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ မူလတန်းဆင့်တွင် (Grade-5) နှင့် အလယ်တန်းဆင့်တွင် (Grade-9) အတန်းများ ၂၀၂၂−၂၀၂၃ ပညာသင် နှစ်နောက်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖေဖော်ဝါရီလ၂၂ ရက်နေ့က စတင်ဖြေဆိုရာမှ
နောင်ချိုမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် Grade (9) နှစ်ဆုံးစာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုပြီးစီး
Mar 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် Grade(5) နှင့် Grade(9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ စတင်၍
လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး
Mar 01,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖြေဆိုခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တွေ့ဆုံပွဲကျင်းပ
Mar 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀) နာရီက ဧရာသီရိသုခအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ချောက်မြို့မ​စျေး၌ မီး​ဘေးလုံခြုံ​ရေး ကြိုတင်ကာကွယ်​ရေး လက်​တွေ့မီးငြှိမ်းသတ် သရုပ်ပြ
Mar 01,2023
မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်​၊ ချောက်မြို့နယ် မြို့မဈေး၌ မီးဘေးလုံခြုံ​ရေးကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်​ရေး လက်​တွေ့သရုပ်ပြမှုကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့မ​ဈေး​​​ရှေ့တွင် ကျင်းပသည်။