ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-9 ၏ နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီး

ပေါက်တော မတ် ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ် ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင် Grade-9 အတန်း၏ နောက်ဆုံးနေ့အဖြစ် အခြေခံသိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုပြီးစီး ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် Grade-9 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၇၇၅)ဦး၊ ပျက်ကွက်သူ (၆၂)ဦး၊ ဖြေဆိုသူ (၁၇၁၃)ဦးရှိပြီး နောက်ဆုံးဘာသာရပ်ဖြစ်သော အခြေခံသိပ္ပံ ဘာသာရပ်ကို ဖြေဆိုပြီးမြောက်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)