သတင်းများ

မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကျင်းပ
Feb 27,2023
ရန်ကုန်ဒေသကြီးမြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက်(၁၁) နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မင်္ဂလာဒုံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့် အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
Feb 27,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Feb 27,2023
မန္တလေး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ် ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ဟ င်္သာတခရိုင်၊ ဇလွန်မြို့တွင် ရှစ်ရက်ကြာကျင်းပမည့် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယ ပွဲတော်အား ယနေ့ နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများဆောင်ရွက်
Feb 27,2023
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးပြီးလာရောက်သည့် လူငယ်လူရွယ်များအား ကာယ၊ ဉာဏ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို ယ‌မန်နေ့က ဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ မိုးကောင်းမြို့နယ် နန့်လှိုင် (စံပြ) ကျေးရွာမှ တောင်သူများအား မိုးညှင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို လာရောက်လေ့လာ
Feb 27,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မိုးကောင်းမြို့နယ် နန့်လှိုင် (စံပြ) ကျေးရွာမှ တောင်သူများက မိုးညှင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာနှင့် ပဲပုတ်စိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ယမန်နေ့ နံနက်(၉) နာရီမှစတင်၍ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ရေကြည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်‌နေ့ နံနက်(၉)နာရီအချိန်က ကျုံပျော်-ရေကြည် ကားလမ်းမ သံလမ်းကုန်းလမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း လမ်းစည်းလိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထား လိုက်နာစေရေး အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။