နာဂဒေသ၊ ပန်ဆောင်မြို့အတွင် နောင်ယန်းအင်းပတ်လည်လမ်းပိုင်းအား ကျောက်လမ်းအဖြစ် (၁ / ၄) ဖာလုံပြီးစီး
Feb 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပန်ဆောင်မြို့အတွင်း နောင်ယန်း အင်းပတ်လမ်း (၁/၄) ဖာလုံအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကျောက်လမ်းဖြင့် (၁/၄)ဖာလုံ မိုင်ရာ နှုန်းပြည့် ပြီးစီးကြောင်း သိရသည်။