မဟာအောင်မြေမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၇

မန္တလေး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်နှင့် စာရေးဆရာလွတ်လပ်ငြိမ်းတို့က ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ၊ ဘေးအန္တရာယ်ကျရောက်သော ကလေးအလုပ်သမားအကြောင်းများ၊ ကလေးသူငယ်အားလုံးအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင့်ဆိုင်ရာများ စသည့် ကလေးအလုပ်သမားပပျောက်ရေးကိစ္စရပ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်