ဇလွန် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ဟ င်္သာတခရိုင်၊ ဇလွန်မြို့တွင် ရှစ်ရက်ကြာကျင်းပမည့် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့ နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်းမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်သော တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဂန္ဓကုဋီတိုက်တွင် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အခမ်းအနား ကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတော် ဘဒ္ဒန္တဝိသာရဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်သရဇ္စျယ်ခဲ့ကြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နာယက ဆရာတော်ကြီးထံမှ သြဝါဒကထာ နာကြား၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ဒါတဗ္ဗအစုစုကို ဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် နာယကဆရာတော်ကြီးထံမှ ရေစက်ချ တရားနာကြား၍ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက် ခဲ့သည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)