ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးပြီးလာရောက်သည့် လူငယ်လူရွယ်များအား ကာယ၊ ဉာဏ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို ယ‌မန်နေ့က ဆောင်ရွက်ပေးခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များအား ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများက မြန်မာ့ရိုးရာအားကစားပြိုင်ပွဲဖြစ်သည့် ကြိုးခုန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲနှင့် ဖန်ခုန်တမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။

ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ခဲတံနှင့် အာဟာမုန်များတိုက်ကျွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်‌စနေနေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး