သတင်းများ

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 24,2023
ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အဆိုပါတက္ကသိုလ်ရှိ ခန်းမတွင် ယမန်နေ့မွန်းလွဲ  ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Feb 24,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈) ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်ကတ်များကို ယမန်နေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှစ၍ ကျောင်းသား/ကျောင်းသူများအား စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်းမွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲတက်​ရောက်
Feb 24,2023
မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့၊ ​ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Feb 24,2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်း  အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Feb 24,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်း ပရဟိတအဖွဲ့က သောက်သုံးရေ သိုလှောင်နိုင်ရန် ရေဂါလံ( ၅၀၀၀)ဆံ့ ရေအုတ်ကန် လှူဒါန်း
Feb 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ အောင်မြေကုန်းတဲတိုက်သို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေ သိုလှောင်ပြီး တဲတိုက်နေပြည် သူများ ရေလုံလောက်စွာ သိုလှောင်ပြီးသုံးစွဲနိုင်ရန် ယနေ့နံနက်၉နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
သရက်မြို့နယ်လုံးဆိုင်ရာ (ပထမ)အကြိမ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်မည်
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်လုံးဆိုင်ရာ (ပထမ)အကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းကို ၂၀၂၃ ခုနှစ် မတ်လ(၃)ရက်နေ့မှ (၁၉)ရက်နေ့ထိ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။