အောင်ပွဲရ အားကစားသမားများအား ကြိုဆိုဂုဏ်ပြု
Feb 25,2023
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစား ပြိုင်ပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရ အားကစားသမားများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ခန့်က မော်တော်ယာဉ်များဖြင့် ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ဘားအံမြို့အဝင် မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုခဲ့ကြသည်။