သတင်းများ

ဒလမြို့နယ် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ကွင်းဆင်းဆောင်ရွက်
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်း များက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က ဒလမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သမဝါယမရုံးသို့ သွားရောက်ပြီး စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပေးခဲ့သည်။
မန်တုံမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေး
Feb 24,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
လိပ်သိုမြို့၌ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့်  ဝက်မွေးမြူခြင်း လုပ်ကိုင်
Feb 24,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း မိသားစုအပိုဝင်ငွေ ရရှိစေရန် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကိုး မွေးမြူကြကြောင်း သိရသည်။
ဂန့်ဂေါ၌ ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၃)အစည်းအဝေး ပြုလုပ်
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
Feb 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟုမ္မလင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (ယိုမျိုးစုံ)​သင်တန်းဆင်းပွဲ ကျင်းပ 
Feb 24,2023
ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (ယိုမျိုးစုံ) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
မြန်မာ့လက်မှုအနုပညာ ပုဂံဒေသထွက်ယွန်းထည်ပစ္စည်း အရောင်းအဝယ် ပါးသော်လည်း လုပ်ငန်းရှင်များ ပုံမှန်လုပ်ကိုင်
Feb 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်း ထုတ်လုပ်မှုအရောင်းအဝယ် ပါးသော်လည်း ယွန်းလုပ်သား၊ယွန်းအလုပ် သမများအဆင်ပြေစေရန် ယွန်းလုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့ မြင်းကပါရပ် ယွန်းလုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်ထံက သိရသည်။
မချမ်းဘော့၌ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Feb 24,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူလျက်ရှိသော ဝက်များကို ရောဂါဖြင့် သေကြေ ပျက်စီးမှုမရှိစေရန် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၁ နာရီက နမ်ခမ်ကျေးရွာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။