အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ သံတွဲမြို့၊ သဗြုချိုင်ဆိပ်ကမ်းတွင်(အခမဲ့)ဆေးကုပေးမည်

သံတွဲ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ၏လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မတ်လ ၄ ရက်မှ မတ်လ ၆ ရက်နေ့အထိ သံတွဲမြို့၊ သဗြုချိုင်ဆိပ်ကမ်း၊ အအေးခန်းတွင် (အခမဲ့)လာရောက်ဆေးကုသပေးမည်ဖြစ်သည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မီးယပ်သားဖွား အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုး/အကြောအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်နှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ ပါဝင်မည်ဖြစ်ပြီး ECG နှင့် အာထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကာ လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့) ဆေးကုပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)