မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြို့သစ် ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လျာထားသတ်မှတ်ခြင်း၊ မဲရုံတည်နေရာ၊ မဲရုံအရေအတွက်နှင့်ကိုက်ညီမည့်   လူဦးရေလိုအပ်မှုအခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု၊ မဲရုံတစ်ရုံတွင် ထားရှိမည့် မဲရုံအဖွဲ့ဝင်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက မြို့သစ်မြို့နယ်အတွင်း ထားရှိမည့် မဲရုံအရေအတွက်၊ မဲရုံတစ်ရုံတွင်ထားရှိမည့် လူဦးရေနှင့် လျာထားသတ်မှတ်သည့်   မဲရုံဝန်ထမ်းများကို မဲရုံတစ်ရုံချင်းအလိုက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)