လိပ်သိုမြို့တွင် ပဲလိပ်ပြာစေ့များ စမ်းသပ်စိုက်ပျိုးကြည့်ရာမှ အောင်မြင်ဖြစ်ထွန်း၍ တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်

လိပ်သို  ဖေဖော်ဝါရီလ ၂၇

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်တွင် ပဲလိပ်ပြာစေ့ကို စမ်းသပ်စိုက်ပျိုးကြည့်ရာမှ ဝယ်ယူစားသုံးရန်မလိုတော့အောင်  အောင်မြင်ဖြစ်ထွန်းခဲ့သောကြောင့် တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း စမ်းသပ်စိုက်ပျိုးခဲ့သူ တစ်ဦးထံမှသိရသည်။

လိပ်သိုမြို့ပေါ်/ရပ်ကွက်များတွင် နေထိုင်ကြသောပြည်သူအများစုမှာ စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားမှုမရှိဘဲ တောင်ငူမြို့မှ မော်တော်ဆိုင်ကယ်များဖြင့်  လာရောက်ရောင်းချသော ဈေးသည်များထံမှ အဓိကဝယ်ယူစားသုံးကြသည်။

ထိုသို့ စားသုံးရန်ဝယ်ယူထားသော ပဲလိပ်ပြာစေ့များကို  စမ်းသပ်စိုက်ပျိုးကြည့်ခဲ့ရာ မမျှော်လင့်ဘဲဝေဝေဆာဆာသီးပွင့်ခဲ့သောကြောင့် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီးလာမည့်စိုက်ပျိုးရာသီတွင် မိသားစုအပိုဝင်ငွေရရှိရန် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အမှတ် (၁) ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)