ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ များကျင်းပ

ပုဏ္ဏားကျွန်း  ဖေဖော်ဝါရီ ၂၇

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ဝတ္ထုတို၊  ကဗျာ၊  ပန်းချီ၊  ကာတွန်းပြိုင်ပွဲကို  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်  အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမတွင် ယမန်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများကို  ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် ကျောင်းသား/သူများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့  ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ  အခြေခံပညာကျောင်းများမှ  အထက်တန်း၊  အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/သူစုစုပေါင်း(၆၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)