ကျွန်းစုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြား
Feb 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်း သား၊ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ လူများအရှေ့တွင်ပြောရဲဆိုရဲရှိစေရန်၊ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်ရန်လိုအပ်ပြီး မိမိအားပေးအပ်လာသောအခမ်းအနားတွင် တာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူး သင်တန်းကိုဖွင့်လှစ်သင်ကြားခဲ့ ကြောင်း သိရသည်။