သတင်းများ

သပိတ်ကျင်းမြို့နယ်တွင် ဆန်၊ဆီ၊ကြက်ဥနှင့် အ​ခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Feb 23,2023
ဒေသတွင်းပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စားသောက်ရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၇:ဝ၀) နာရီမှ (၉:၀၀)နာရီအချိန်အထိ ဆန်၊ဆီ၊ကြက်သား၊ကြက်ဥနှင့် အ​​ခြေခံ စားသောက်ကုန်ပစ္စည်းများကို (အဋ္ဌမ)အကြိမ်မြောက် သက်သာသော စျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပပြုလုပ်
Feb 23,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 23,2023
တနင်္သာရီတိုင်းဒေသကြီး ဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ ထားဝယ်မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပသည်။
ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်စာမေးပွဲများ ဖြေဆို
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်စာမေးပွဲများကို တစ်မြို့နယ်လုံး အတိုင်း အတာဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့အခြေခံပညာကျောင်းများ၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် (Grade-5) နှင့် (Grade-9)  အတန်းများနှစ်ဆုံးစာမေးပွဲ ဖြေဆို
Feb 23,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့်(Grade-9) အတန်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံ နက် (၉)နာရီအချိန်က စတင်ဖြေဆို လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ထားဝယ်မူလတန်းကျောင်းရှိ ရင်သွေးငယ်များနှင့် ကလေးသူငယ်များ ပျော်ရွှင်စွာ စာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး
Feb 23,2023
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မူလတန်းကျောင်းရှိ ရင်သွေးငယ်များနှင့် ကလေသူငယ်များ ပျော်ရွှင်စွာ စာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၁) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ
Feb 23,2023
၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်မှ (၁၈)ရက်နေ့ထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်‌နေ့နံနက် (၉)နာရီအချိန က စတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။