ကျောက်ဆည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂)ဦးသက်မောင်က သတင်းစုဆောင်းနည်း၊ ရေးသားခြင်း၊ ရိုက်ကူးနည်း၊ အသံသွင်းခြင်းနှင့် တည်းဖြတ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်းနှင့် သတင်းဗွီဒီ ယိုရိုက်ကူးတည်း ဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားခြင်းဖြင့် ဌာနဆိုင်ရာများအနေဖြင့် သတင်းများပေးပို့ရာတွင် အရည်အသွေးကောင်းသောသတင်းများကို အချိန်နှင့်တစ်ပြေးညီ ရိုက်ကူးတည်းဖြတ်ပေးပို့နိုင်မည်ဖြစ်ပြီး သင်တန်းသို့ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ပြီး သတင်းကာလမှာ ဖေဖော်ဝါရီ(၂၃)ရက်မှ(၂၄)ရက်နေ့အထိ (၂)ရက်ကြာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)