ကော့ကရိတ် ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂_၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၆၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကော့ကရိတ်မြို့နယ်အတွင်း စာစစ်ဌာန(၁)ခု ထားရှိ၍ ကျင်းပသွားမည် ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲသို့ ကော့ကရိတ်မြို့ပေါ် (၂)ကျောင်း၊ ကျုံဒိုးမြို့ပေါ်(၁)ကျောင်း၊ ကျေးရွာ (၄) ကျောင်းတို့မှ ကျောင်းတွင်းဖြေဆိုသူ (၅၅)ဦးနှင့် အပြင်ဖြေဆိုသူ (၃၀၈) ဦး စုစုပေါင်း (၃၆၃)ဦးတို့က ကော့ကရိတ်မြို့ စာစစ်ဌာနအထက(၂) တစ်ခုထဲတွင် စုပေါင်းဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)